Sunday, November 2, 2008

အွန်လိုင်းအချစ်

အွန်လိုင်းအချစ်

မမြင်ရပေမယ့် ရင်ဘတ်ချင်းတူတယ်
စကားလုံးလေးတွေ စမ်းရေစီး
ပျောက်ပျောက်သွားမှာစိုးလို့
စာကြောင်းလေးတွေ ကော်ပီလုပ်
နှလုံးသားထဲ ပေ့စ်ရင်း ဆေ့ဗ်ထားတယ်

ဝက်ကမ်လုပ်တော့
ထင်လာတဲ့ မင်းပုံရိပ်
စကရင်ရှော့ ဘလောက်တုံး
အသည်းထက်မှာ တဒုံးဒုံး
အမြဲတမ်းအတွက် ပုံနှိပ်ထားတယ်

ဗီဇီအိုမှာ မင်း စပြောတော့
တိုးတိုးလေးမို့ မကြားလိုက်ဘူး
ရင်ခုန်သံ အပြင်းစား
ကြားခံနယ် ဝိုင်ယာကြိုး
အမျိုးမျိုး ရှုပ်ထွေး
ထပ်ပြောပါအုန်း ကြားချင်လို့

အွန်လိုင်းအချစ် အနှစ်မရှိဘူး
မမြင်ဘူးရင် တရားမဝင်ဘူး
နှစ်ကိုယ်ကြားစကား မဆိုဖြစ်ဘူး
တဟားဟား လှောင်နိုင်ကြပါပေ့
အူမြူးစရာ ပဒေသာပေါ့။ ။

စနေသီဟ
၁၆ ဖေဖော်ဝါရီ ၂၀၀၀

No comments:

Post a Comment

Note: Only a member of this blog may post a comment.