တွေး ငေး ဆွေး ဟိုးအဝေး
စိတ်ညစ်နေလို့လည်း အလကားပဲလေ။ ဖြစ်သမျှ အကြောင်း အကောင်းချည်းပေါ့။ နောက်တော့လည်း သူ့ဟာသူ ပြေလည်သွားမှာပါ။ နောက်ခြောက်လလောက်နေရင် အခုချိန်မှာ စိတ်ညစ်နေတာတွေဟာ ရယ်စရာ ဖြစ်နေလိမ့်မယ်။ ဘယ်အရာမှ မတည်မြဲပါဘူး။ လောကကြီးကတော့ သူ့သဘော သူဆောင်မှာပဲ။ အတိတ်က ဖြစ်ခဲ့တာတွေကို ပြန်ပြင်လို့မရတော့ပါ။ သင်ခန်းစာ ယူလိုက်မယ်။ ဖြစ်ပြီးသားတွေကို သိပ်စိတ်မဝင်စားတော့ဘူး။ နောက်နေ့တွေအတွက် ပြင်ဆင်ရဦးမယ်။ ရှိတာလေးကို လူမြင်တင့်တယ်အောင် ကြိုးစားရဦးမှာပေါ့လေ။ အရာရာတိုင်းကို အပြည့်စုံဆုံး ဖြစ်ချင်တာ ဘာအကျင့်လဲ။ တော်လောက်ပါပြီ။ ဒီဘဝ ဒီမျှသာ။
ဟိုးအဝေး
နိုဝင်ဘာ ၁၄ ၂၀၁၁