Friday, October 31, 2008

ခွန်အားသစ်

ခွန်အားသစ်

လှောင်ချိုင့်စံ အရိပ်တစ်ခု
ဂုဏ်ပကာသန လိုက်ကာနောက်မှာ
ပိန်းပိန်းမှောင် တောနက်
အိပ်မက်မြေပုံ မိတ်ဆက်တုန်း
မျက်လုံး တစ္ဆေခြောက်
တံဆိပ်ကပ် အကြည့်
နိဂုံးအနမ်းတွေကို တရှိုက်မက်မက်သောက်
အချစ်ကို လှစ်မပြချင်သူ
အရာအားလုံးကို သက်သေပြမယ်
အလင်းတန်း သန်းပေါင်းများစွာ
ငါ့ရင်ကို ဖောက်ထွင်း
အမြဲစိမ်းလမ်းတွေစမ်းလျှောက်
ပျိုမြစ်ခြင်းကို
အသစ်တဖန် စုတ်ဖြဲပစ်မယ်။ ။

စနေသီဟ

No comments:

Post a Comment

Note: Only a member of this blog may post a comment.