Monday, October 27, 2008

အနမ်းတခုနဲ့.... ငါ

အနမ်းတခုနဲ့.... ငါ

အချိန်နဲ့ ဒီရေသည် လူကိုမစောင့်
သူမက စောင့်နေမယ်တဲ့
ပြောင်းပြန် အချိုးညီရင်း
ပီတိတွေ တပွေ့တပိုက်နဲ့
ပြန်ရမယ့်ရက်ကို လက်ချိုးရေလို့
အရိပ်တွေကို ဆောင့်နင်း
အမှောင်စောင့် နတ်သမီးရယ်
စောင့်နေသူ အတွက်ကိုလေ
ငါစိတ်မပြောင်းအောင်
အနမ်းတခုလောက်တော့ ဆုချပါရစေ။ ။

စနေသီဟ

ဖျော်ဖြေနေသောစကားလေးတစ်ခွန်း

နှလုံးမခုန်တော့ဘူးတဲ့
သူမက ပြောပါသည်
ရင်ဘတ်တွေ အေးစက်ကုန်ပြီလားတဲ့
တည့်တည့်မှန်ပါသည်
တခါတလေလဲ ပြောသေးတယ်
အရမ်းမုန်းတယ်တဲ့။ ။

စနေသီဟ

No comments:

Post a Comment

Note: Only a member of this blog may post a comment.