Tuesday, October 28, 2008

အမည်သနာ ခေါ်စရာကား

အမည်သနာ ခေါ်စရာကား

တစုံတဦးက မင်းဘယ်သူလဲ လို့မေးလာရင် ဘယ်လိုဖြေရပါ့။ ကိုယ့်ဟာကိုယ်ပေးထားတဲ့နံမယ်က မောင်ထက်ခိုင်။ ကဗျာရေးတော့ စနေသီဟ။ ဘလော့ရေးတော့ ဟိုးအဝေး။ လူကြီးတွေ ခေါ်တာကျတော့ ငဆိုးထက်ခိုင်။ သူမကတော့ ဟဲဟဲ ဘယ်ပြောလို့ ဖြစ်မလဲ။ တခါတလေ ကိုယ့်ဟာကိုယ် ဘယ်သူမှန်း ပြန်စဉ်းစားရပါတယ်။ နံမယ်တွေထပ်ပီး ရှုပ်ကုန်ရင် ခွင့်လွှတ်ကြပါ ခင်ဗျာ။ ပြောမယ့်သာ ပြောရတာ ဒီဘလော့ကို ဖတ်တဲ့လူက ရေကြည့်ရင် လက်ငါးချောင်းတောင် မပြည့်ပါဘူး။ ပရိတ်သတ်ကြီးကို အရင်ဆုံး ကျေးဇူးတင်ထားတာပါ။ တော်ကြာ စိတ်ဆိုးပီး မဖတ်တော့ရင် ဒုတ်ခ။ ဒီနံမယ်ရှင်းလင်းရေး အိုင်ဒီယာကို တခြား ဘလော့တစ်ခုကနေ ရတာပါ။ ကိုညီညီ(သံလွင်) ရဲ့ ဘလော့ကလို့ ထင်ပါတယ်။ မမှတ်မိတာကိုတော့ ခွင့်လွှတ်ကြပါခင်ဗျာ။ သူငယ်ချင်း တစ်ယောက်က နောက်ပါသည်။ နင့်နံမယ်က စနေသီဟ ဆိုတော့ သောကြာနောက်က ခြင်သေ့ကြီးပေါ့တဲ့။ ပေါက်ပေါက်ရှာရှာရှာ သူမို့လို့ စဉ်းစားမိတယ်။ မောင်ထက်ခိုင် ဆိုသော နံမယ်ကို ကိုယ့်ဟာကိုယ်ပေးဖြစ်သွားတာ ဒီလိုပါ။ ရန်ကုန်ဘဆွေ၏ ရွှေဝါပြည် စာအုပ်ကို ဖတ်ပီး ရောဂါထလာတာပါ။ စာအုပ်ထဲက ဇာတ်ကောင်နံမယ်ကို သဘောကျသွားလို့ပါ။ သူမက ဒီလို ခေါ်မယ်တဲ့။ ဘယ်လိုလဲလို့တော့ မစပ်စုဘာနဲ့ သူမက ဘယ်သူ့ကိုမှ မပြောရပါတဲ့ ခင်ဗျား။ ပြောရအုန်းမယ်။ သူမက သူ့အကြောင်းတွေ မရေးဘာနဲ့တဲ့။ အီဖေကိုကလဲ သူမ အကြောင်းပဲ ပြောချင်တာဆိုတော့ အကျပ်ရိုက်သွားတာပေါ့ဗျာ။ နဲနဲပါးပါး ဈေးဆစ်လိုက်တော့ ရေးတော့ရေးပေါ့ အများကြီး မရေးရဘူး ဆိုတဲ့ ခွင့်ပြုချက်လေး ရလိုက်ပါတယ်။ ဒါတောင် ဆင်ဆာလေးတော့ လုပ်အုန်းမှာ။ ဒါပေသိ ကျနော်ကတော့ မသိမသာလေး ခိုးခိုး ရေးအုန်းမှာ။ အရသာ ပိုရှိတာပေါ့ ခင်ဗျာ။ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ကျေနပ်ကြပါ။ ကျနော့်ရဲ့ နံမယ် ရှင်းတမ်းလေးကို ဖတ်ပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ဟိုးအဝေး

No comments:

Post a Comment

Note: Only a member of this blog may post a comment.