အချိန်မရှိပါ
မနက် အိပ်ရာနိုးလို့ ဖုန်းဆက်ရင်
အလှပြင်နေတယ် မအားဘူးတဲ့
အချစ်လေး လှပါစေပေါ့။
နေ့လည် ထမင်းစားချိန်
အတူတူ စားဖို့ အကြံပြုတော့
အလုပ်တွေများနေတယ် မအားဘူးတဲ့
အချစ်လေး ကြိုးစားပါစေပေါ့။
ရုံးဆင်းရင် ခဏ တွေ့ပါရစေ
အသနားခံ တောင်းပန်တော့
သင်တန်းရှိတယ်တဲ့
အချစ်လေး သင်ကြားပါစေပေါ့။
အိပ်ခါနီးလေး ဖုန်းပြောချင်လို့
စာကျက်စရာရှိတယ်
မြန်မြန်ပြောပါတဲ့
အိပ်ရတော့မယ်
မနက်ဖြန် ရုံးတက်ရမယ်
အချစ်လေး အိပ်ရေးဝပါစေပေါ့။
ဒါပေမယ့် အချစ်ရယ်
ကိုအိပ်ရာထဖို့ နှိုးစက်ကလေး
အချိန်မှန်ပေးတတ်သော
အသံစာစာလေး တစ်ယောက်
ကိုရှာထားလိုက်တယ်။
ထမင်းစားချိန် ခံတွင်းမြိန်ဖို့
ဂရုစိုက်တတ်တဲ့ မမကြီး တစ်ယောက်
ဟင်းတွေယူလာလို့
ကို သူနဲ့ ထမင်း အတူစားတတ်နေပြီ။
သင်တန်းတက်ချိန်
ဂိမ်းလိုက်ကစားတဲ့
ဝါသနာတူလေး တစ်ယောက်
ကို့ဘေးနားရှိနေပြီ။
တညလုံး ပြောမဆုံးနိုင်တဲ့
တီတီတာတာ သာလိကာမလေးတစ်ယောက်
အိပ်ရာဝင်တေးလေးတွေ ဆိုနေပြီ။
ကိုတစ်ယောက်ပဲလား
အချစ်လေးရော အနားနားက
ကွက်လပ်လေးတွေဖြည့်နေပြီလား။
စနေသီဟ
No comments:
Post a Comment
Note: Only a member of this blog may post a comment.