Tuesday, December 30, 2008

နာရီအိုတစ်လုံး

နာရီအိုတစ်လုံး

လှမ်းကြည့်လိုက်တော့အချစ်ရေ
သံယောဇဉ် နှောင်ကြိုး
ရူးမတတ် ရပ်ရက်ပြိုလဲ
မလွမ်းတော့ဘူးရယ်လို့
ပြန်တွေ့ကြရင်
ဘယ်ကစပြောရမှာလဲ။

ရင်နာခြင်းခရီးသည်
ဖျောက်ဖျက်မရ
ကျီစယ်ခြင်းအစ
အမုန်းမီးလောင်
ဗြောင်းဆန်သွားတဲ့ နှလုံးသား
သူ့မျက်နှာတွေ့တုန်းခဏ။

ရာသီအလီလီပြောင်း
ရက်ကိုလစား နေ့နဲ့ညမှား
လက်မှိုင်ချ တွေဝေဆဲ
နှစ်စဉ် နှစ်တိုင်း
မျော်လင့်ချက်ကမ်းခြေမှာ
မင်းခြေရာတွေ ထင်နေဦးလေ။ ။

စနေသီဟ

No comments:

Post a Comment

Note: Only a member of this blog may post a comment.