Tuesday, December 9, 2008

ရည်ရွယ်သူသို့

ရည်ရွယ်သူသို့

သိစေအပ်ပါသည်
ကျနော်မျိုး အကြိမ်ကြိမ်ကြိုးစား
အခါခါ မြတ်နိုး
အမျိုးမျိုး ပြုပြင်
အထပ်ထပ် စေလွှတ်
အကြောင်းကြောင်း ရေးစပ်
မှတ်မိစေရန်
ကြံဖန်ပါသော်လည်း
ဖူးစာရယ်မပါ
ရှေးရေစက် မဆုံဆည်း
တူနှစ်ကိုယ်နီးဖို့အရေး
အတွေးအကြံ မမှန်ကန်လို့
ဒီဘဝ ဒီနေရာမှာ
လမ်းခွဲလိုက်ပါသည်။
နှမ လက်လျှော့နေလေတော့။

စနေသီဟ

No comments:

Post a Comment

Note: Only a member of this blog may post a comment.