Friday, January 9, 2009

ကျန်းမာရေး

မောင်ထက်ခိုင် နေမကောင်းပါခင်ဗျား။ အခုတလော ခရီးတွေကများ လူလည်းပင်ပန်းနဲ့ နှာစေး ချောင်းဆိုးဖြစ်နေပါတယ်။ သူမကတော့ တဖြစ်တောက်တောက်နဲ့ ပြုစုရှာပါသည်။ သူမက အစကတည်းက ခရီးထွက်မှာကို သဘောမတူပါ။ သူမ မလိုက်ရလို့ပါတဲ့ ခင်ဗျာ။ ခရီးထွက်တုန်းက အဖြစ်အပျက်တွေအကြောင်း ပရိတ်သတ်ကြီးကို ပြောမပြရသေးပါ။ နေကောင်းလာမှ ရေးနိုင်ပါတော့မယ်။ နင်လားငါလား အင်တိုက်အားတိုက်ရေးချင်ပါသော်လည်း ကျန်းမာရေးက မကောင်း။ ကျန်းမာရေးကကောင်းပါသော်လည်း လိုအင်ဆန္ဒကမပြည့်။ လိုအင်ဆန္ဒကပြည့်ပါသော်လည်း ကျန်းမာရေးက မကောင်း။ လုံးလည်ချာလည်လိုက်နေပါသည်။ ဆေးသောက်လိုက်ပါဦးမည်။ မဟုတ်ရင် သူမက အော်ပါမည်။ ပရိတ်သတ်ကြီးလည်း ကျန်းမာလန်းဖြာပြီး လိုအင်ဆန္ဒအားလုံးပြည့်စုံပါစေ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.