Friday, October 21, 2011

လှောင်အိမ်ထဲက ငှက်တစ်ကောင်

လှောင်အိမ်ထဲက ငှက်တစ်ကောင်


မျက်နှာ ဘယ်နား ထားရမှန်းတောင် မသိတော့ပါ။

စွပ်စွဲချက်တွေက ကြောက်ခမန်းလိလိပါလား။ စကားလုံးတွေက ပြင်းထန်လွန်းလိုက်တာ။

အဲလောက် မုန်တိုင်းဆင်ဖို့ လိုအပ်လို့လား။

ဘာအမှားမှ မလုပ်ဘဲနဲ့ အပြစ်ဒဏ် ပေးနေကြပြီ။

ရည်းစားလား။ မရှိပါ။ ယောက်ျားလေးသူငယ်ချင်း မရှိပါ။

ဘာတွေကို ကြောက်လန့်နေကြတာလဲ။

ယောက်ျားလေးသူငယ်ချင်းကောင်းကောင်းတွေ ရှိပါတယ်။

လူတိုင်းကို မယုံရဘူးတဲ့လား။

ကလေးတစ်ယောက်ရဲ့ ရင်ထဲ ဝင်ကြည့်စမ်းပါ။

စိတ်ဆိုးရင် ဘယ်သူ့ကို ဆူလို့ဆဲလို့ ရမှာလဲ။

ဘယ်သူ့ကို အပြစ်တင်ရမလဲ။

နေ့နေ့ညည သူများ မျက်နှာ ကြည့်နေရတဲ့ ဘဝမှာ ဘယ်သူ ပျော်မှာလဲ။

စိတ်ထင်ရာ လျှောက်သွားပစ်လိုက်ချင်တယ်။

ရောက်ချင်ရာ ရောက်စမ်း။ ပေါက်ချင်ရာပေါက်စမ်း။

ဘယ်လို အရေခွံကို ခြုံပြီး ဘယ်လို သတ္တဝါလို နေရမှာလဲ။

ဆံပင်ပုံစံကို ဖျက်စီးညှပ်တောက်လိုက်ရင် ပြသနာ အားလုံး ချုပ်ငြိမ်းသွားမှာလား။

ဒါဆိုလည်း လုပ်လိုက်လေ ကြာသလားလို့။

ထူးတော့ မထူးပါဘူး။ အဝတ်အစားပါ လိုက်ချုပ်ချယ်နေမှတော့ စိတ်ညစ်ညူးလိုက်တာလေ။

သံမဏိ စည်းကမ်းတွေကို မုန်းတယ်။

သံလက်ဝါးကြီး ကျဆုံးပါစေ။

ကိုယ်ရေးကိုယ်တာတွေကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ပြင်းပြင်းပြပြ တောင်းတမိသည်။

ဒိုင်ယာရီရေးသူ နဲ့ ခိုးဖတ်သူ။ ဘယ်သူ့မှာ အပြစ်ရှိသလဲ။

လမ်းမှာ တွေ့ရင် မေးပေးကြပါ။

ဘယ်အငြိုးနဲ့ ဒီလောက်တောင် ရက်စက်နေရတာလဲလို့။     ။


ဟိုးအဝေး

အောက်တိုဘာ ၂၁ ၂၀၁၁

No comments:

Post a Comment

Note: Only a member of this blog may post a comment.