Monday, September 21, 2009

လင်ယူမယ်

လင်ယူမယ်

ပထမလူ ကတိမတည်ဘူး
ဒုတိယလူ သစ္စာမရှိဘူး
သုံးခိရှာ သုံးခါမရှိပါရစေနဲ့တော့

ထီးမရှိတဲ့ ဘုရား
တံခွန်မရှိတဲ့ ရထား
လင်မရှိတဲ့ မိန်းမ
မတင့်တယ် အကာအကွယ်မဲ့

ဘဝခရီး တစ်ယောက်တည်း
အပျိုကြီး လုပ်ဖို့ဟာ
မိဘက ပေးစား
အောင်သွယ်တော်က တစ်မျိုး
ထိကပါး ရိကပါး ကာလသား
စိတ်ဒုန်းဒုန်းချလိုက်တော့မယ်

ယောက်ျားတွေကို မုန်းလို့
လင်တစ်ယောက် ကောက်ယူလိုက်မယ်ရှင်။ ။

ဟိုးအဝေး

No comments:

Post a Comment

Note: Only a member of this blog may post a comment.